မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြု စာမေးပွဲများအတွက် Training for Trainer နှင့် Exam Preparation (Intensive Course) ဖွင့်လှစ်ခြင်း
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း မှ ကြီးမှူး၍ MCPA Certified Fundamental Software Engineer (FSE) နှင့် MCPA Certified Network Associate (NA) စာမေးပွဲများကို ၂၀၁၀ ပြည့်နှစ် ဇွန်လ(၂၀) ရက်၊ တနင်္ဂနွေနေ့တွင် MCPA နှင့် MCPA အသင်းရုံးများရှိရာ ပြည်နယ် နှင့် တိုင်းများတွင် တပြိုင်နက်တည်း စစ်ဆေးမည်ဖြစ်ပါသည်။
MCPA စာမေးပွဲပိုမိုအောင်မြင်မှုရှိရန်၊ အရည်အချင်းမှီအောင်မြင်သူအရေအတွက်တိုးတက်လာရန် နှင့် MCPA စာမေးပွဲများအတွက် သင်တန်းကျောင်းများ နှင့် ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်၍ Training for Trainer နှင့် Exam Preparation (Intensive Course) ကိုဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို MCPA (FSE) အတွက် Training for Trainer (၃) ဦး၊ Intensive Course အတွက် သင်တန်းသား(၂၉) ဦး နှင့် MCPA (NA) အတွက် Training for Trainer (၆) ဦး၊ Intensive Course အတွက် သင်တန်းသား (၄၉) ဦးတက်ရောက်ခဲ့ပါသည်။ MCF e- Learning Center တွင် ဇွန်လ(၅၊ ၆၊ ၁၁၊ ၁၂၊ ၁၃) နေ့အထိ သင်ကြားပေးခဲ့ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း မှ Exam Committee ၏ ဆရာ/ ဆရာမများဖြစ်ကြသော ဦးရဲရင့်ဝင်း၊ ဦးအောင်စိုးမိုး၊ ဦးဝင်းထိန်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ ဦးအောင်ဇော်မြင့်၊ ဒေါ်အေးအေးသင်း၊ ဦးရဲကျော်သိန်း၊ ဒေါ်တင်အေးကြွယ် နှင့် (MIT) မှ ဦး U Gim Siam Pau တို့မှ ကူညီ၍ သင်ကြားပေးခဲ့ပါသည်။
source: mcpamyanmar