မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း(စစ်ကိုင်းတိုင်း) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း(စစ်ကိုင်းတိုင်း) တို့၏ ဒုတိယအကြိမ်မြောက် ကွန်ပျူတာနှင့် သတင်းဆက်သွယ်ရေးဆိုင်ရာ နည်းပညာပြပွဲကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ မြို့တော်ခန်းမ တွင် ဇွန်လ ၁၉ - ၂၁ နံနက် ၉နာရီ မှ ညနေ ၇နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဒု-ဥက္ကဋ္ဌ ဖြစ်သူ ဦးငြိမ်းဦး နှင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ ဒေါ်ဝါ၀ါထွန်းတို့ တက်ရောက်ကြမည်ဖြစ်ပြီး ၂၀.၆.၁၀ ရက်နေ့တွင် မုံရွာကုန်စည်ဒိုင်တွင် ဟောပြောပွဲတစ်ရပ်ကျင်း ပမည်ဖြစ်ကြောင်း သိရသည်။ ယင်းဟောပြောပွဲတွင် ဒေါ်ဝါ၀ါထွန်း (MCIA) က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် နည်းပညာ ဆိုသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးငြိမ်းဦး (MCPA) က SME Computerization ဆိုသည့် ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
source : mcpamyanmar