Poll

သင်ကြိုက်သော antivirus

Avast
 0 (0%)
AVG
 0 (0%)
Bitdefender
 0 (0%)
Bull Guard
 0 (0%)
F-Secure
 0 (0%)
Gdata
 0 (0%)
Kaspersky
 14 (40%)
Macfee
 6 (17.1%)
NOD32
 4 (11.4%)
Norton
 3 (8.6%)
PC tools
 2 (5.7%)
Panda
 0 (0%)
Rising
 1 (2.9%)
Trend Micro
 0 (0%)
Viper
 0 (0%)
Webroot
 0 (0%)
Zone Alarm
 0 (0%)
Avira
 5 (14.3%)

Total Members Voted: 34

Author Topic: သင်ကြိုက်သော antivirus  (Read 748 times)

0 Members and 1 Guest are viewing this topic.

Offline ViRuZ

  • Administrator
  • Advanced Member
  • *******
  • Thank You
  • -Given: 128
  • -Receive: 557
  • Posts: 380
  • Respects +153/-0
  • Gender: Male

  • Activity
    2%
    • BluE ViRuZ
သင်ကြိုက်သော antivirus
« on: November 26, 2009, 01:16:53 PM »
ဒီနေရာလေးမှာ ကျွန်တော်တို့ ကြိုက်တဲ့ antivirus လေးတွေကို review ရေးပေးကြရအောင်။ ကောင်းကွက် ဆိုးကွက်လေးတွေပေါ့။ နောက် ကြိုက်တဲ့ antivirus လေးတွေကို vote လဲလုပ်ပေးကြဦးနော်။

Review ရေးဖို့အတွက် ဒီအချက်လေးတွေတော့ အဓိက ပါဝင်စေချင်ပါတယ်။ ကိုယ်ရေးတဲ့ antivirus (version လေးထည့်ရေးဖို့ မမေ့နဲ့နော် ) က ကောင်းမကောင်း။ ကြိုက်မကြိုက်။ ဘာတွေကောင်းတယ်။ ဘာတွေကြိုက်တယ်။ နောက် online update ရမရ။ offline update ရမရ။ Pirated ( crack, key, patch ) လွယ်မလွယ် အဆင်ပြေမပြေ။ နောက်သူပါဝင်တဲ့ feature လေးတွေ။ ကိုယ့်လက်တွေ ဘယ် virus တွေကို မိတယ်၊ မမိဘူး။

ဒီ post ကို antivirus review အတွက်ရည်ရွယ်ထားလို့ အထက်ပါ အချက်လေးတွေ အတိုင်းရေးပေးကြဖို့ တောင်းဆိုချင်ပါတယ်။ နောက် လူတွေအဆင်ပြေပြေ ရွေးချယ်နိုင်အောင်လို့ပါ။
Follow members gave a thank to your post:
မလုပ်ခင် နှစ်ခါစဉ်းစား။ လုပ်ပြီဆိုရင်တော့  မအောင်မြင်မခြင်း နောက်ပြန်မလှည့်နဲ့။
လူတွေက သိပ်အရေးမကြီးတဲ့ စကားတွေအတွက် အော်ဟစ်ဆဲဆို ငြင်းခုံနေတတ်ပြီး အရေးကြီးတာတွေအတွက် ရေငုံနှုတ်ပိတ်နေတတ်တယ်။

Offline phoelapyae

  • Contributor
  • Senior Member
  • *****
  • Thank You
  • -Given: 25
  • -Receive: 131
  • Posts: 111
  • Respects +0/-0
  • Gender: Male

  • Activity
    3%
Re: Kasper Crazy လေး.....
« Reply #1 on: November 27, 2009, 09:08:31 PM »
ဟဲဟဲ ကျွန်တော်ကတော့ Kaspersky Antivirus Crazy လေ...

အရင်တုန်းကတော့ Kasper 6.0 ကိုသုံးတယ်လေ..ခုတော့ Kasper 7.0 ကိုပြောင်းသုံးနေတယ်...6.0 က License Keysမရတော့လို့.....................................
Kasper ကိုဘာကြိုက်လဲဆိုတော့...သူ့ရဲ့ Virus မိရင်သတိပေးတဲ့အသံလေးရယ်....သူ့ရဲ့ Kasper Logo Design  လေးတွေကိုပိုကြိုက်တယ်...Kasper 7.0 ကတော့
Virus တော်တော်များများမိပါတယ်...ကျွန်တော်သုံးဘူးသလောက်ပေါ့...မဆိုးပါဘူး...တခုရှိတာက License KeyBlackListဖြစ်တာလေးပေါ့...ဒါပေမယ့်လဲသိပ်တော့
အခက်အခဲမရှိပါဘူး...License Key BlackList မဖြစ်အောင်လုပ်တဲ့ Solution Software လေးနဲ့ ဖြည်လိုက်ရင်တော့...License Key BlackList ဖြစ်တဲ့ပြသနာ ကနေကင်းဝေးသွားပါပြီ...နောက်ပြီး Ofline Update လုပ်ရတာလဲအဆင်ပြေပါတယ်...Virus Defination တွေကိုလဲ သူ့ ရဲ့ www.kaspersky.com မှာပဲ
Download လုပ်လို့ရပါတယ်...လွယ်လဲလွယ်ပါတယ်...Daily, weekly,Cumul  ဆိုပြီး Update File တွေကိုလဲ..Up To Date ..တင်ပေးထားပါတယ်၊Online Updateတော့မလုပ်ဖူးဘူး၊LicenseKeys၀ယ်သုံးရင်တော့OnlineUpdateလုပ်ရတာအဆင်ပြေမှာပါ...Windowပိုင်းမှာကြတော့...စက်အတက်မှာနဲနဲနှေးတာတစ်ခု ပါပဲ...ကျွန်တော်သုံးဘူးသလောက်ပေါ့...တော်တော်များများအဆင်ပြေပါတယ်...မဆိုးပါဘူး...ကျန်တာလေးတွေကိုတော့နောက်မှပဲထပ်ဖြည့်ရေးပေးတော့မယ်....
သိတဲ့လူများလဲ ထပ်ဖြည့်ေ၇းပေးကြပါအုံး...အမှားပါရင်လဲပြင်ပေးကြပါအုံး...အာလုံးပဲအဆင်ပြေကြပါစေ...



Follow members gave a thank to your post:
ပန်းတိုင်တခုထိမရောက်မချင်းရောက်အောင်သွားမယ်...ဘယ်လောက်ပဲဝေးဝေး...

Offline alt.332

  • Contributor
  • Senior Member
  • *****
  • Thank You
  • -Given: 13
  • -Receive: 168
  • Posts: 114
  • Respects +1/-1
  • Gender: Male

  • Activity
    0%
Re: သင်ကြိုက်သော antivirus
« Reply #2 on: November 27, 2009, 09:41:40 PM »
အဲကိုဖိုးလပြည့် Solution Software နဲ့ဖြည်ထားတာ ရက်ဘယ်လောက်ကျန်သေးလဲဟင်...ကျွန်တော့်ဟာကသိပ်မကျန်တော့လို့ :) ဖြည်တော့ဖြည်ထားတာပဲ ရက်က ၁၀၀ ကျော်ပဲကျန်တော့လို့ :D
Follow members gave a thank to your post:

Offline thebeautifulleg

  • Retired
  • Experienced Member
  • *****
  • Thank You
  • -Given: 103
  • -Receive: 454
  • Posts: 337
  • Respects +3/-0
  • Gender: Male
  • လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်မယ်

  • Activity
    0%
Re: Kasper Crazy လေး.....
« Reply #3 on: November 27, 2009, 09:58:02 PM »
ဟဲဟဲ ကျွန်တော်ကတော့ Kaspersky Antivirus Crazy လေ...

အရင်တုန်းကတော့ Kasper 6.0 ကိုသုံးတယ်လေ..ခုတော့ Kasper 7.0 ကိုပြောင်းသုံးနေတယ်...6.0 က License Keysမရတော့လို့.....................................
Kasper ကိုဘာကြိုက်လဲဆိုတော့...သူ့ရဲ့ Virus မိရင်သတိပေးတဲ့အသံလေးရယ်....သူ့ရဲ့ Kasper Logo Design  လေးတွေကိုပိုကြိုက်တယ်...Kasper 7.0 ကတော့
Virus တော်တော်များများမိပါတယ်...ကျွန်တော်သုံးဘူးသလောက်ပေါ့...မဆိုးပါဘူး...တခုရှိတာက License KeyBlackListဖြစ်တာလေးပေါ့...ဒါပေမယ့်လဲသိပ်တော့
အခက်အခဲမရှိပါဘူး...



အဟေး ဟေး  kaspersky ချစ်သူ ၂ ယောက်တော့ ဆုံဆည်းမိကြပြီ ကောင်းဘာ့ ;D

Kaspersky က Online Update ကော Offline Update ကော ၂ ခုလုံးအဆင်ပြေပါတယ်။ Kaspersky7 တုန်းကလည်း Patcher လေးနဲ့ လုပ်တာ Key လုံးဝ မလိုတော့ပါဘူး။ အဲ . . . kav2010 မှာကျတော့ ရဖူးဂျ။ ကီးကလည်း တော်တော်ရှာရခက်တယ် ဒါနဲ့ပဲ rising လေး ပြောင်းသုံးလိုက်ရပါရောလား။

Windows7 ကျတော့လည်း kav 7 ကို မသိဘူးလေ။ သူက ဇာတ်ကြီးတော့ 2010 နဲ့မှ ရတယ်။ ဇာတ်ကြီးချက်ကတော့ တစ်ခါပြောင်းရင် ဆယ်စီးတိုက်ပြောင်းရတယ် :P

KAV 2010 က License နဲ့ ၀ယ်သုံးရင်တော့ နဲနဲလန့်ဖို့ကောင်းတယ်။ သူကတော်ကြာနေ အနီကနေ ညိုသွားလိုက် ပြီးရင် မဲသွားလိုက်နဲ့။ Licensed ပျက်သွားရင် သေရော။ လိုင်စင်နဲ့ဝယ်သုံးတာကို တော်တော်များများ တွေ့ဖူးတယ်။ အားကြီး ဂဂျီဂဂျောင် ကျတာပဲ။ Exit လုပ်လိုက် ပြန် Run လိုက်နဲ့ တော်တော်ဒုက္ခပေးတဲ့ အကောင် Licensed နဲ့ဝယ်သုံးရင်ပြောပါတယ် :P  

တစ်ခါ တစ်ခါကျရင် လာသေးတယ်။ Your key is blacklist. ဆိုပြီးတော့ နောက်တော့မှ Refresh တွေ ဘာတွေ လုပ်တော့မှ Days remaining 325 တွေ ဘာတွေ လာပြတာ။

ဒါ့ကြောင့် KAV ချင်းတူတာတောင် 2010 ထက်စာရင် 2007 ကို ပိုကြိုက်တယ်. . . . . ဟီး  . . . .
Follow members gave a thank to your post:
ကြိုးစားတိုင်းလည်း မအောင်မြင်ဘူး။

I Can't Install. This is Lake.

ငါမတတ်နိုင်ဘူး။ ဒါဟာ ကံပဲ။

Offline DeathElf

  • Administrator
  • Experienced Member
  • *******
  • Thank You
  • -Given: 69
  • -Receive: 280
  • Posts: 216
  • Respects +7/-0
  • Gender: Male
  • Aggressive Creativity

  • Activity
    0%
Re: သင်ကြိုက်သော antivirus - McAfee
« Reply #4 on: November 28, 2009, 01:28:11 AM »
ကျွန်တော်လည်းပါမယ်လေ။  ;D

ကျွန်တော်က McAfee ချစ်သူပါ။ McAfee က ရိုးရိုးယဉ်ယဉ်လေးနဲ့ သဘောဖြူ မနောဖြူလေးပါ။ စေတနာလည်းအရမ်းကောင်းပါတယ်။ ဒါပေမယ့် တစ်ခုပဲရှိတယ်။ သူ့အတွက် တန်ဖိုးတစ်ခုတော့ ပေးရလိမ့်မယ်။ (ဒီလိုပဲလေ ကိုယ့်ကိုကိုယ် တန်ဖိုးရှိအောင်နေတဲ့သဘောပါ။) အဲဒီတန်ဖိုးနဲ့ထိုက်တန်တဲ့ ရလဒ်တော့ပြန်ရပါလိမ့်မယ်။ နောက်ပြီး သူက အတွေ့အကြုံတွေအများကြီးနဲ့ ရင့်ကျက်တည်ငြိမ်တဲ့အတိုင်းပဲ ပညာတွေစုံလင်လှပါတယ်။  ;D ;D

အဟီး။ တစ်မျိုးမထင်ပါနဲ့နော်။ ဒီလိုပါ။

McAfee က အားလုံးသိကြတဲ့အတိုင်းပဲ အရင်တုန်းကတော့ Norton ရဲ့  အဓိကပြိုင်ဘက်ပါ။ အဲဒီတုန်းက ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ Norton က (Pirate Version နဲ့) အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။ ဘာ့ကြောင့်မှန်းတော့ မသိတော့ပါ။ (ကျွန်တော်က အဲဒီအချိန်တုန်းက ကွန်ပျူတာပညာကို စသင်ခါစပဲရှိသေးတာကိုး)

ကျွန်တော့်အတွေ့အကြုံလေးကို နည်းနည်းပြောပြချင်ပါတယ်။ တော့ပစ်နဲ့တော့ သိပ်မဆိုင်ဘူးလားမသိ။
ကျွန်တော် McAfee မတိုင်ခင်တုန်းကတော့ Norton, NOD32, BitDefender တွေကို အဓိကထားပြီးသုံးဖူးပါတယ်။ (Kasper ကိုတော့ မသုံးဖူးပါဘူး။) အဲဒီတုန်းက Norton Symantec Corporate ကိုအတော်လေးကြိုက်နှစ်သက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Client Security, System Center တို့နဲ့ Windows Networking မှာအတော်လေးအသုံးဝင်လို့ပါ။ အဲ နောက်ပိုင်းမှာတော့ သူလဲ အခြေအနေမကောင်းတော့ပါဘူး။ (စိတ်ထင် Buffer Overflow နဲ့ Worms တွေမှာ အတော်လေးကို မထိန်းနိုင်ဘူးထင်ပါတယ်။ Temper Protection ကလည်းထင်သလောက် အရာမရောက်ခဲ့ပါဘူး။)

NOD32 ကိုတော့ ဒီမှာ နာမည်မကြီးခင်ကတည်းက နည်းနည်းစောစောလေး အသုံးပြုခဲ့တာပါ။ အဲဒီတုန်းကတော့ တော်တော်ကြိုက်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခေတ်ပေါ် Malware တွေကို ကောင်းကောင်းမွန်မွန်ရှင်းနိုင်လို့ပါ။ ဒါပေမယ့် နောက်ပိုင်း Development အပိုင်းမှာ နောက်ကျသွားတဲ့အတွက် BitDefender ကိုမမှီတော့ပါ။

BitDefender ကတော့ ထုံးစံအတိုင်းကောင်းပါတယ်။ ဒါပေမယ့် သူ့ပြဿနာတွေက Windows ကို တော်တော်ဒုက္ခပေးပါတယ်။ Installation/Uninstallation တွေက Windows ရဲ့  DLL Files တွေကို ကောင်းကောင်းဒုက္ခပေးပါတယ်။ နောက်ပြီး NOD32 နဲ့ယှဉ်ရင် အတော်လေးကို နှေးကွေးပါတယ်။ ပြီးတော့ စိတ်အနှောက်အရှက်တစ်ခုကတော့ Resolution 800 x 600 မှာ Console ကို ကောင်းကောင်းအသုံးပြုလို့မရတာပါပဲ။

အဲ .... NOD32 ကော၊ BitDefender ကောနှစ်ခုစလုံးကို Norton လောက်သိပ်မကြိုက်ရတဲ့အကြောင်းအရင်းကတော့ Server/Client (Enterprise or Corporate level) Version မရှိတာပါပဲ။ Security Tools တွေစုံစုံလင်လင်မရှိတာလဲပါတာပေါ့။

ကျွန်တော့်အတွေ့အကြုံတွေကို ဝေမျှတာပါ။

McAfee ကို Virus Scan 8.7i Enterprise မှာမှစပြီးသုံးဖူးတာပါ။ Update ကလဲ အတော်လေးကိုလွယ်ပြီး၊ လိုင်စင်ပြဿနာလုံးဝမရှိပါဘူး။ (ပြဿနာတစ်ခုကတော့ သူ့ Update File က sdat (Full Update) ဆိုရင် 100 MB ကျော်ပါတယ်။) သက်ဆိုင်ရာ Modules တွေလည်းစုံစုံလင်လင်ပါပါတယ်။ Console ကလည်းရိုးရိုးရှင်းရှင်းပါပဲ။ Enterprise ဆိုတော့ စိတ်ရှုပ်စရာ အနှောက်အရှက်တွေလည်း မရှိပါဘူး။ နောက်ပြီး တစ်ခြား သက်ဆိုင်ရာ System တွေအတွက် Version အမျိုးမျိုးနဲ့ ပုံစံအမျိုးမျိုး စုံစုံလင်လင်ရှိပါတယ်။ Domain Network Model အတွက် McAfee Protection Pilot ရှိပါတယ်။ Enterprise အတွက် McAfee Installer တွေကိုကိုယ်လိုချင်သလိုပြုပြင်တဲ့ Installation Designer ရှိပါတယ်။ Stand Alone PC တွေအတွက် Total Protection ရှိပါတယ်။ System/Network Security အတွက် Host Intrusion Prevention ဆိုပြီး IDS System လည်းရှိပါတယ်။ တစ်ခြား McAfee Products တွေလည်းအများကြီးရှိပါတယ်။  သူတို့တွေကိုသုံးတတ်ဖို့ကိုတော့ စာနည်းနည်းဖတ်ရပါမယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော့်အတွက် Solution မဟုတ်သေးပါဘူး။

အခုတော့ ကျွန်တော် McAfee နဲ့ NOD32 ကို တွဲပြီးသုံးပါတယ်။ McAfee ကတော့ ဦးစားပေးပေါ့။ ဒါပေမယ့် သိတဲ့အတိုင်း သူက စက်အနှိမ့်တွေအတွက်ဆိုရင် ရှိရှိသမျှ Resources တွေကို သူပိုင်သလို အကုန်လုံးနီးပါး ယူသုံးပါလိမ့်မယ်။ အဲဒီတော့ စက်နှိမ့်ရင် (Socket 478 ဆိုတာနဲ့) NOD32 4.0.4xx ကိုသုံးပြီး၊ စက်မြင့်ရင် (Socket 775 Multi Core) လောက်ဆိုရင်တော့ McAfee ကိုသုံးပါတယ်။ အရေးကြီးတဲ့နေရာတွေ (ဥပမာ - Servers တွေ) ဆိုရင် McAfee ကို သေသေချာချာ Configure လုပ်ပြီးသုံးပါတယ်။ Network ထဲမှာ Anti-virus နှစ်ခုသုံးတဲ့အတွက် အကျိုးကတော့ Virus တွေကို ပိုပြီး ဖမ်းနိုင်လာပါတယ်။ ဆိုးကျိုးကတော့ နှစ်ခုဖြစ်တဲ့အတွက် Manage လုပ်ရတာပိုမိုခက်ခဲပြီး၊ အလုပ်ပိုရှုပ်လာစေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနည်းက Companies တွေအတွက် အတော်လေးကို အကျိုးရှိတဲ့နည်းလေးပါ။ ကျွန်တော်အကြံပေးချင်တာကတော့ ဘယ် Antivirus ပဲသုံးသုံး ကိုယ်သုံးတတ်ဖို့နဲ့ သေသေချာချာ Configure လုပ်ပြီး၊ ထိထိရောက်ရောက် အသုံးချတတ်ဖို့ပါပဲ။

အခု Norton ကလည်း ဒီနှစ်ပိုင်းထဲမှာပဲ Endpoint Protection ဆိုပြီး အသစ်ထုတ်လုပ်ခဲ့ပါတယ်။ စမ်းကြည့်တာတော့ အလွန့်အလွန်ကောင်းမွန်တဲ့ Detection Engines တွေနဲ့ တည်ဆောက်ထားပါတယ်။ Server/Client လည်းရတဲ့ Corporate Version လည်းရှိပါတယ်။ အရင် အားနည်းချက်တွေကို လက်တွေ့ကျကျ ပြုပြင်ထားတာပါ။ သူ့ Modules တွေကလည်းအထင်ကြီးလောက်စရာပါ။ ဒါပေမယ့် Scanning Speed မှာတော့ အရင်လိုပဲ နှေးကွေးလေးလံမှာပါ။ ကျွန်တော့အတွက်တော့ အခုလောလောဆယ်အထိ လက်တွေ့အသုံးမချဖြစ်သေးပါဘူး။ ဒါပေမယ့် သူလဲ Optional Choice တစ်ခုဖြစ်ပါတယ်။


ကဲ .... ကျွန်တော်ကတော့ တစ်ခုပဲပြောပါဆိုရင်တော့ McAfee ဗျာ။

System Security နဲ့ပတ်သက်ပြီး ဒီနေရာမှာ နည်းနည်းအကြံပေးချင်တာကတော့ Microsoft Windows Operating System ကိုသုံးရင် သူ့ Security နဲ့ပတ်သက်ပြီး Instructions တွေအတိုင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း စနစ်တကျနဲ့ အသုံးပြုရင်း ကိုယ်ကြိုက်နှစ်သက်ရာ Antivirus တွေ၊ Security Suite တွေသုံးတာက အထိရောက်ဆုံးလို့ထင်ပါတယ်။

ဥပမာ တစ်ခုအနေနဲ့ပြောရရင်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကွန်ပျူတာသုံးတာက Administrator Rights နဲ့သုံးကြတာများပါတယ်။ တချို့  Company ကြီးတွေ၊ လုပ်ငန်းကြီးတွေတောင်မှ အဲဒီလိုပဲသုံးပါတယ်။ အဲဒီတော့ အခုဒီမှာခေတ်စားနေတဲ့ Batch File ပုံစံလိုမျိုး Autoscripts (e.g; Happy Birthday Virus) တွေက ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အဲဒီနေရာမှာ Normal User Rights နဲ့သုံးနေမယ်ဆိုရင်တော့ ဒီ Autoscripts တွေကဘာမှမလုပ်နိုင်တော့ပါဘူး။ နောက်ပြီး System Administrator က ကောင်းကောင်းပြင်ဆင်ထားရင် ပိုပြီးလုံခြုံပါတယ်။
Domain Environment မှာဆိုရင်တော့ ပိုပြီးထိန်းချုပ်ရတာလွယ်ပါတယ်။

နောက်ဆုံးဗျာ ... ကျွန်တော်သိသလောက်ပြောရရင် ဘယ် Antivirus ကအကောင်းဆုံးလဲဆိုတော့ ဘယ် Antivirus ကို အကောင်းဆုံးအသုံးချတတ်သလဲလို့ပဲ ပြန်မေးရမယ်ထင်ပါတယ်။ (အသေးစိတ် Performance/Cost/Rate/etc... တွေကိုထည့်မတွက်ဘူးဆိုရင်ပြောတာပါ။)  ;)

ကျွန်တော်ပြောတဲ့အထဲမှာ အမှားတွေပါရင်လည်းခွင့်လွတ်ကြပါ။


...
« Last Edit: November 28, 2009, 03:35:08 AM by DeathElf »
လျှပ်စစ်မီးဖြင့် နတ်စည်းစိမ် ခံစားနေပါသည်။

Offline hackbu

  • Moderator
  • Experienced Member
  • *******
  • Thank You
  • -Given: 34
  • -Receive: 317
  • Posts: 213
  • Respects +3/-0
  • Gender: Male
  • မလုပ်ရင်လဲမလုပ်နဲလုပ်ရင်လဲအောင်မြင်အောင်လုပ်

  • Activity
    0%
Re: သင်ကြိုက်သော antivirus
« Reply #5 on: December 01, 2009, 07:41:51 PM »
ကိုကြီးDeathELF ရေ  Mcafee 8.7i Enterprise  ကို Server မှာကော် client မှာ ပါသုံးချင်ပါတယ်     configure လုပ်နည်းလေးကို detail လေးပြောပေးပါ
Follow members gave a thank to your post:

Offline ViRuZ

  • Administrator
  • Advanced Member
  • *******
  • Thank You
  • -Given: 128
  • -Receive: 557
  • Posts: 380
  • Respects +153/-0
  • Gender: Male

  • Activity
    2%
    • BluE ViRuZ
Re: သင်ကြိုက်သော antivirus
« Reply #6 on: December 04, 2009, 10:11:11 PM »
ကျွန်တော် ရေးဖို့ကျန်နေခဲ့တာ။ ခုမှ ပြန်ကြည့်မိလို့....  ;D ကျွန်တော်ရေးတာ ကျွန်တော့ အတွေ့အကြုံသက်သက်ပါ။ ဘယ်ဟာကောင်းတယ် ဘယ်ဟာမကောင်းဘူးဆိုတာ ဆုံးဖြတ်ပေးတာ မဟုတ်ပါဘူး။ ကျွန်တော် ကြုံခဲ့တဲ့ အတွေ့အကြုံလေးပေါ့။

Norton antivirus
Norton ကတော့ ကျွန်တော် ပထမဦးဆုံး သုံးဖူးတဲ့ antivirus ပါပဲ။ စသုံးခဲ့တာ ဘာ version မှန်းတောင် မသိတော့ပါဘူး။ norton သုံးခဲ့တုန်းကတော့ ကျန်တာဘာမှမသိလို့ ဘာမှတ်ချက်မှ မပေးနိုင်တော့ပါဘူး။ တစ်ခုပါပဲ မှတ်မှတ်ရရပေါ့။ norton နဲ့ 80G ရှိတဲ့ harddisk ကိုစစ်တာ နာရီ ၁၅ နာရီလောက်ကြာတာတော့မှတ်မိတယ်။ ဒါကြောင့် norton ကိုလမ်းခွဲ ခဲ့တာပါ။

symantec
Norton ကိုလမ်းခွဲလိုက် ပြီးနောက်တစ်ခု သုံးတာကတော့ symantec ပါပဲ။ သူလည်း norton product ပါပဲ။ အဲဒီတုန်းက norton ကဘာလို့ antivirus ကိုနာမည်နှစ်ခုနဲ့ product နှစ်မျိုးထုတ်တာလည်း မသိဘူး။ ထင်တာကတော့ symantec က enterprise version ထင်တယ်။ သူလည်း မဆိုးပါဘူး။ သေချာမသုံးခဲ့ ဖူးတော့ မပြောနိုင်ပါဘူး။

AVG
AVG ကတော့အားလုံး သုံးခဲ့ဖူးမယ်ထင်ပါတယ်။ မြန်မာပြည်မှာ internet cafe တွေစခေတ်စားတော့ cafe တိုင်းလိုလို AVG သုံးကြတယ်။ သူက flashy ကြောင့်လားမသိဘူး နာမည်ရလာတာ။ သူများတွေ AVG ဆိုတော့ကျွန်တော်လည်း AVG တာပေါ့။ အဲဒီတုန်းကတော့ အဆင်ကိုပြေလို့။ အနားက internet ဆိုင်ကနေ တစ်ပတ်တစ်ခါ update လေးသွားသွားယူပြီးပေါ့။  AVG ကိုယုံယုံကြည်ကြည် သုံးလာခဲ့တာ တစ်နေ့ကျတော့ အသိတစ်ယောက်က kasper ဆိုတာလာပေးတယ်။ တော်တော် ကောင်းတယ်ဆိုပြီး။ ကျွန်တော်က ငါ AVG သုံးနေတာ အဆင်ပြေပါတယ်လို့ ပြန်ပြောလိုက်တယ်။ သူက AVG က virus တိုင်းမမိဘူး။ မယုံရင် kasper တင်ပြီး scan ကြည့်ဆိုလို့ဆိုလာတာနဲ့ kasper လေး install လုပ်ပြီး scan လိုက်တာ ထွက်လာလိုက်တဲ့ virus တွေ။ အဲဒီမှာတင် AVG ကိုလမ်းခွဲခဲ့ပြန်ရော။

AVG ကောင်းကွက်လေးတွေကတော့ သူက free version ရှိတယ်။ ဒါကြောင့် key နဲ့ပတ်သတ်ပြီးဘာမှ ပူနေစရာမလိုဘူး။ scan time မြန်တယ်။ system usage နည်းတယ်။

Update ကတော့ Online ကော Offline ကောအဆင်ပြေပါတယ်။

AVG အားနည်းချက်တွေကတော့ သူက နောက်ဆုံးပေါ် virus တွေကို ချက်ချင်းသိတဲ့နေရာမှာ အားနည်းပါတယ်။ နောက် တစ်ချို့ virus တွေကိုသိပြီးသား ဖြစ်ရဲ့ နဲ့ စက်ထဲမ၀င်ခင် တားဆီးတာမျိုးမလုပ်ပဲ စက်ထဲဝင်ပြီးမှ သတ်ပါတယ်။ ဒါကြောင့် စိတ်ချရမှု နည်းသွားတာပါ။

Kaspersky
Kaspersky ကတော့အထွေအထူး ပြောနေစရာမလိုပါဘူး။ ကျွန်တော်နဲ့ လက်တွဲလာတာ version 6 ကနေစပြီး version 2009 ထိပါပဲ။ kasper ကိုလည်းတော်တော်ယုံခဲ့တာဗျ။ internet ဆိုင်လေးဖွင့်တော့လဲ kasper လေးတင်တာပဲ။ အဲ internet ဆိုင်မှာ kasper တင်လိုက်ရင် gtalk အသံပြောမရတဲ့ ကိစ္စလည်းတော်တော် ရှင်းလိုက်ရသေးတယ်။ Kasper ကိုသုံးလာလိုက်တာ version 2009 ထိရောက်တယ်။ ဆိုင်က counter စက်မှာတင်ထားတာပေါ့။ တစ်နေ့မှာပေါ့ဗျာ conficker ဆိုတဲ့ အကောင်တစ်ကောင် စ၀င်တာပေါ့။ ဒီကောင့်ကို kasper ကသိတောင်မသိဘူးဗျာ။ conficker ဆိုတဲ့ ကောင်ကလည်းဆိုးတယ်ဗျ။ ဆိုင်ကစက် နံပါတ်၁ ထဲဝင်ရင်သူကနေ ကျန်တဲ့ network ထဲမှာရှိတဲ့ စက်တွေကို အလိုလိုကူးတာဗျာ။ အဲဒီကနေ counter ကိုကူးရော။ နောက်စက်တွေ တစ်လုံးပြီးတစ်လုံး hang ကုန်တာ။ Deepfreeze လေးရှိတော့ restart လုပ်လုပ်ပြီး အဆင်ပြေနေတာ။ counter ကကောင်ကတော့ ရှိနေတော့တာပေါ့။ kasper ကိုယုံထားတော့ virus လို့ကိုထင်မထားဘူး။ တစ်နေ့မှာတော့ conficker ဆိုတဲ့ worm တစ်ခုပြန့်နေကြောင်း သတင်းတစ်ခုဖတ်လိုက်ရတော့ အဲဒီ worm အကြောင်းလေ့လာမိတာနဲ့ အဲဒီ worm ၀င်ပြီထင်လိုက်တာ။ ဒါပေမယ့် kasper ကလုံးဝကို မသိတာဗျာ။ ဒါနဲ့ DeathElf နဲ့ Barsoolar ကို စစ်ကူတောင်းတော့တာပေါ့။

Kapersky ရဲ့ကောင်းကွက်လေးတွေ ပြောရမယ်ဆိုရင် version6 & 7 မှာ system resource ယူတာ နည်းပါတယ်။ version 08 (2009) နဲ့ version 9 (2010) မှာတော့ resource တော်တော်စားလာပါတယ်။ သူက အရင်တုန်းကတော့ တော်တော်နာမည်ရခဲ့ပါတယ်။ virus မိတဲ့ သတ်တဲ့ နေရာမှာ တော်တော်ကောင်းပါတယ်။ scan time လည်း အမြန်ကြီးမဟုတ်ပေမယ့် သင့်တင့်တဲ့ အဆင့်မှာရှိပါတယ်။ Lincense version တွေကို ရန်ကုန်မှာ အလွယ်တစ်ကူ ၀ယ်သုံးနိုင်ပါပြီ။

Update ကတော့ key အဆင်ပြေနေရင် Online update ရပါတယ်။ သူ့ update file ထဲမှာ blacklist ဖြစ်တဲ့ key တွေထည့်ထားတဲ့အတွက် online or offline update လုပ်ရင် ကိုယ့် key ( pirated key ဆိုရင် ) blacklist ဖြစ်သွားတတ်ပါတယ်။ Offline update ကတော့ version 7 ထိပဲပေးပါတယ်။ နောက်ပိုင်း version တွေကိုမပေးတော့ပါ။ မြန်မာပြည်က kasper အရောင်းကိုယ်စားလှယ်တွေရဲ့  site ထဲမှာတော့ ver:8 offline update ယူလို့ရပါတယ်။

မကောင်းတဲ့ အချက်ကတော့ version6 , 7, 8, 9 တွေက တစ်ခုခုနဲ့ တစ်ခု virus မိတဲ့ အတိုင်းအတာမတူပါဘူး။ conficker မှာတော့တော်တော် ဆိုးတာပါ။ conficker ကို kasper 7 & 8 နဲ့နှစ်မျိုးလုံးက update လုပ်ထားရဲ့သားနဲ့ နှစ်ပတ်ကျော် ကြာတဲ့အထိ kasper ကမသိပါဘူး။ အဲဒီတုန်းက kasper 2010 ( ver:9) မထွက်သေးပါဘူး။ Kasper2010 ထွက်တော့ စမ်းသုံးကြည့်ပါသေးတယ်။ kasper2010 ကိုသုံးတာတစ်လ မပြည့်သေးခင်မှာပဲ virus တစ်ခုနဲ့ကြုံပါတယ်။ အဲဒီ virus ကို kasper ကသိပါတယ်။ မိပါတယ်။ သတ်ပါတယ်။ ပြီးတော့ restart လုပ်ပါတယ်။ စက်ပြန်တက်တော့ အားလုံးအဆင်ပြေပြေပါပဲ။ system က kasper ကို service autostart လုပ်တဲ့နေရာမှာ kasper ကတက်မလာတော့ပဲ စက်ပါ Hang နေပါတယ်။ နောက်ဆုံး system restore လုပ်မှပြန်တက်ပါတယ်။ ဖြစ်နိုင်တာက virus က kasper ကိုတစ်ခုခုလုပ်လိုက်တယ်ထင်တာပဲ။ အဲဒီမှာ kasper ကိုတော်တော်စိတ်နာသွားတာပါ။

ဆက်ရန်...............
« Last Edit: December 05, 2009, 06:30:42 PM by ViRuZ »
မလုပ်ခင် နှစ်ခါစဉ်းစား။ လုပ်ပြီဆိုရင်တော့  မအောင်မြင်မခြင်း နောက်ပြန်မလှည့်နဲ့။
လူတွေက သိပ်အရေးမကြီးတဲ့ စကားတွေအတွက် အော်ဟစ်ဆဲဆို ငြင်းခုံနေတတ်ပြီး အရေးကြီးတာတွေအတွက် ရေငုံနှုတ်ပိတ်နေတတ်တယ်။

Offline thebeautifulleg

  • Retired
  • Experienced Member
  • *****
  • Thank You
  • -Given: 103
  • -Receive: 454
  • Posts: 337
  • Respects +3/-0
  • Gender: Male
  • လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်မယ်

  • Activity
    0%
Re: သင်ကြိုက်သော antivirus
« Reply #7 on: December 04, 2009, 10:23:32 PM »
တစ်နေ့မှာတော့ conficker ဆိုတဲ့ worm တစ်ခုပြန့်နေကြောင်း သတင်းတစ်ခုဖတ်လိုက်ရတော့ အဲဒီ worm အကြောင်းလေ့လာမိတာနဲ့ အဲဒီ worm ၀င်ပြီထင်လိုက်တာ။ ဒါပေမယ့် kasper ကလုံးဝကို မသိတာဗျာ။ ဒါနဲ့ DeathElf နဲ့ Barsoolar ကို စစ်ကူတောင်းတော့တာပေါ့။

ဆက်ရန်...............


အင်း ဖတ်လို့ အရှိန်ကောင်းနေတုန်းမှာမှ . . . ဆက်ရန် . . . . . တဲ့ ကိုရီးယားကားကျနေတာပဲ . . .

ဟဲ ဟဲ  သိချင်တာက ကိုDeathElf နဲ့ ကိုBarsoolar တို့ကို စစ်ကူတောင်းတော့ ဘာတွေ ဆက်ဖြစ်မလဲသိချင်တာပါ။ နောက်ဆက်တွဲထဲမှာလည်း မပါလောက်ဖူးထင်တယ် . . Post က Antivirus အတွေ့အကြုံဆိုတော့လေ။

ဒါဆိုရင် Antivirus Thread အောက်မှာ Conflicker ကို စစ်ကူတောင်းပြီး ဖြေရှင်းခဲ့ပုံလေး အသေးစိတ်ကို ရေးပေးနော် . . .မျှော်နေမယ် တိလား . . .
Follow members gave a thank to your post:
ကြိုးစားတိုင်းလည်း မအောင်မြင်ဘူး။

I Can't Install. This is Lake.

ငါမတတ်နိုင်ဘူး။ ဒါဟာ ကံပဲ။

Offline DeathElf

  • Administrator
  • Experienced Member
  • *******
  • Thank You
  • -Given: 69
  • -Receive: 280
  • Posts: 216
  • Respects +7/-0
  • Gender: Male
  • Aggressive Creativity

  • Activity
    0%
Re: သင်ကြိုက်သော antivirus
« Reply #8 on: December 04, 2009, 11:10:45 PM »
တော့ပစ်နဲ့တော့ မဆိုင်ဘူးပေါ့။ ဒါပေမယ့် McAfee ကို အလကားကြော်ငြာပေးဦးမယ်။  ;D ၎င်း Worm ကို McAfee ကပထမဦးဆုံးစတင်သိရှိခဲ့တယ်လို့ ပြောထားပါတယ်။

McAfee နဲ့ တစ်ချို့ Antivirus တွေကတော့ ၎င်း Worm ကို Conficker လို့ခေါ်ပြီး၊ Norton နဲ့ တစ်ချို့ Antivirus တွေကတော့ Downadup လို့ခေါ်ပါတယ်။ တစ်ခြားနာမည်တွေကတော့ Downup, Kido စသဖြင့်အမျိုးမျိုးခေါ်ကြပါတယ်။ အခေါ်အဝေါ်ကွဲပေမယ့် ဒီ Worm ပါပဲ။ Microsoft ကို အဓိကထားပြီးတိုက်ခိုက်တဲ့ Worm ပါ။ Microsoft ကတော့သူ့ကို Win32/Conficker worm လို့ခေါ်ပါတယ်။

Conficker A, B, C, D, E ဆိုပြီး အမျိုးအစား ငါးမျိုးလောက်ရှိပါတယ်။

ကျွန်တော်တို့ Computer နဲ့ Network မှာ Conficker ရှိလား၊ မရှိလားဆိုတာကို McAfee Conficker Detection Tool နဲ့ စစ်လို့ရပါတယ်။ ကျွန်တော် Attach တွဲပေးထားပါတယ်။ ဒီ Tool နဲ့ဆိုတော့ Network မှာ Conficker ရှိ၊ မရှိကို အလွယ်တကူသိရှိနိုင်ပါတယ်။
ယခုအချိန်ထိ ၎င်း Worm ကိုတစ်ချို့ နေရာတွေမှာတွေ့ရနေတုန်းပါ။

လိုအပ်တဲ့ Information တွေကို
Code: [Select]
http://support.microsoft.com/kb/962007 မှာဖတ်ကြည့်လို့ရပါတယ်။
သူ့အတွက် Update Patch ကို ဒီမှာ Download လုပ်ယူနိုင်ပါတယ်။
Code: [Select]
http://www.microsoft.com/technet/security/Bulletin/MS08-067.mspx
ကျွန်တော် McAfee Products တွေကို အဆင်ပြေတာနဲ့ ရသလောက်တင်ပေးပါ့မယ်။

Quote
ကိုကြီးDeathELF ရေ  Mcafee 8.7i Enterprise  ကို Server မှာကော် client မှာ ပါသုံးချင်ပါတယ်     configure လုပ်နည်းလေးကို detail လေးပြောပေးပါ


အဲဒီကျမှပဲ အသေးစိတ်ပြောပြတော့မယ်နော်။  :)
Follow members gave a thank to your post:
« Last Edit: December 12, 2009, 01:34:00 AM by DeathElf »
လျှပ်စစ်မီးဖြင့် နတ်စည်းစိမ် ခံစားနေပါသည်။

Offline ViRuZ

  • Administrator
  • Advanced Member
  • *******
  • Thank You
  • -Given: 128
  • -Receive: 557
  • Posts: 380
  • Respects +153/-0
  • Gender: Male

  • Activity
    2%
    • BluE ViRuZ
Re: သင်ကြိုက်သော antivirus
« Reply #9 on: December 05, 2009, 05:44:27 PM »
အပေါ်က အဆက်ပါ.....အပေါ်မှာလည်း detail လေးဖြစ်အောင် ပြန်ပြင်ထားပါတယ်။
Macfee
အပေါ်မှာ ပြောခဲ့သလိုပဲ ကျွန်တော်လည်း conficker ကိုသတ်ဖို့ DeathElf နဲ့ Barsoolar ကို အကူအညီတောင်းတော့ DeathElf ကသူ့ထုံးစံအတိုင်း Macfee ကိုညွှန်းတာပေါ့။ ကျွန်တော်လည်း ကျွန်တော့မှာရှိတဲ့ Macfee Total Security လေးတင်ပြီး scan လိုက်တော့ conficker ဆိုတဲ့ ကောင်ကိုတန်းမိတာပေါ့။ ဒါပေမယ့် Macfee total security ကိုတင်လိုက်တာ စက်ကတော်တော်လေး နှေးသွားတယ်။ ဒါကြောင့် ပြန်လဲ uninstall လည်းလုပ်ရော uninstall လုပ်တာအချိန် ၁နာရီကျော်ကျော် ကြာတယ်။ ဒါနဲ့ DeathElf ကို macfee ဘာ version သုံးလဲပြန်မေးတော့ 8.7i  တဲ့။ အဲဒီ version မရှိဘူးဆိုတော့လာပေးမယ်။ လာကူသတ်ပေးမယ်ဆိုပြီး macfee တင်ပြီးသတ်လိုက်တာ အဆင်ပြေသွားတော့တယ်။ ဒါပေမယ့် စက်အလုံးနှစ်ဆယ်ကို လူသုံးယောက် ၀ိုင်းလုပ်တာ မနက်ကတည်းကနေ ညနေ ၃ နာရီကျော်သွားတယ်။ ဒါတောင် အကုန်မပြီးဘူး။ :)

Macfee ကောင်းကြောင်းပြောရမယ်ဆိုရင် DeathElf ပြောသလိုပါပဲ။ Macfee က virus တော်တော် များများကို သိပါတယ်။ မိပါတယ်။ ရှင်းနိုင်ပါတယ်။ virus တွေအပြင် ကျွန်တော်တို့ရဲ့  pirated crack တွေ keygen တွေ patch တွေ တော်တော်များများ ကိုလည်း trojan ဆိုပြီးဖျက်ပစ်ပါတယ်။ virus နှိမ်နင်းတဲ့အပိုင်းမှာ macfee ကရွှေအဆင့်ရှိပါတယ်။

update လုပ်တဲ့အပိုင်းမှာ သူက online update လည်းအဆင်ပြေသလို၊ offline update လည်းအဆင်ပြေပါတယ်။ ဒါပေမယ့် သူ့ရဲ့ offline update က file size တော်တော်ကြီးပါတယ်။ super dat ဆို 100M ကျော်ပါတယ်။ serial key မလိုပါဘူး။ blacklist လည်းမဖြစ်ပါဘူး။

သူ့ရဲ့ အားနည်းချက်ကတော့ system resource တော်တော်များများကို စားလိုက်တာပါပဲ။ low end PC တွေမှာ ဘယ်လိုမှအဆင်မပြေပါဘူး။ Gamer တွေမကြိုက်ပါဘူး။ ကျွန်တော်ဆို virus ၀င်တယ်လို့သံသယရှိရင် Macfee တင်လိုက်တယ်။ update လုပ်တယ်။ scan တယ်။ ပြီးရင် ပြန်ဖြုတ်လိုက်တယ်။ :)

NOD32
Macfee က system resource စားတဲ့အတွက် ဆိုင်က client တွေမှာ တင်ဖို့အဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်တော် ဘာသုံးရမလဲ စဉ်းစားတော့ NOD32 ကိုစဉ်းစားမိပါတယ်။ ဒါနဲ့ NOD32 version4 ကိုဆိုင်မှာတင်ပြီး သုံးပါတယ်။

NOD32 ကောင်းတဲ့အချက်လေးတွေကတော့ သူုက system resource ယူတာတော်တော် နည်းတဲ့အတွက် စက်တက်တာတော်တော် မြန်ပါတယ်။ scan time ကသူမတူအောင်မြန်ဆန်ပါတယ်။ virus မိတဲ့နေရာမှာလည်း ကောင်းတဲ့အဆင့်မှာရှိပါတယ်။ စက်မြန်တဲ့အတွက် Gamer တွေစိတ်ကြိုက်ပါပဲ။

Update အနေနဲ့ကတော့ Username နဲ့ password အဆင်ပြေရင် online update အဆင်ပြေပါတယ်။ online ကလည်းတော်တော် မြန်ပါတယ်။ username & password ကတော့ blacklist ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နေ့စဉ် username & password ပေးနေတဲ့ site တွေရှိပါတယ်။ Offline ကတော့ အဲဒီ site တွေမှာပဲရနိုင်ပါတယ်။ တစ်ကယ်လို့ Business Edition ဆိုရင်တော့ အဲဒီကနေ online update လုပ်ပြီး offline update file ကိုပြန်ထုတ်ယူလို့ရပါတယ်။

မကောင်းတဲ့ အချက်ကတော့ တစ်ခုပဲ ကြုံပါတယ်။ အဲဒါကတော့ fansy.exe ဆိုတဲ့ virus ကိုသူကလုံးဝမသိတာပါပဲ။ ခုထိလည်းမသိသေးပါဘူး။ အဲဒီကောင်ကလည်းတော်တော်ဆိုးတာပါ။ task manager ပိတ်တယ်။ folder option ပိတ်တယ်။ ဒါတွေက ခံနိုင်ပါတယ်။ ဆိုးတာက .jpg file တွေကိုဖျက်ဆီးပစ်တာပါပဲ။ ဖျက်ဆီးနှုန်းကလည်းတော်တော် မြန်ပါတယ်။

fansy.exe နဲ့ကြုံတော့ NOD32 ကိုဖြုတ် kasper2010 လေးတင်ပြီးသတ်တာ အဆင်ပြေသွားပါတယ်။ kasper 2010 ကတော့အပေါ်က ပြောတဲ့ ပြသနာကြောင့် ဖြုတ်လိုက်ရပြန်ပါတယ်။ ဒီတော့နောက်တစ်ခုပေါ့။ :)
« Last Edit: December 05, 2009, 07:05:52 PM by ViRuZ »
မလုပ်ခင် နှစ်ခါစဉ်းစား။ လုပ်ပြီဆိုရင်တော့  မအောင်မြင်မခြင်း နောက်ပြန်မလှည့်နဲ့။
လူတွေက သိပ်အရေးမကြီးတဲ့ စကားတွေအတွက် အော်ဟစ်ဆဲဆို ငြင်းခုံနေတတ်ပြီး အရေးကြီးတာတွေအတွက် ရေငုံနှုတ်ပိတ်နေတတ်တယ်။